Breaking News

“လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း

1 0

၂၄.၇.၂၀၂၄ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၌ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတင်မှ ကျောင်းသားကျောင်းသူလူငယ်များအား ရိုးသားဖြောင့်မတ်၍ အကျင့်စာရိတ္တ ကောင်းမွန်သောလူငယ်များဖြစ်စေရေး၊ အဂတိလိုက်စားမှုကင်းစင်ရေးတို့အတွက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့နောက် ကျောင်းသားကျောင်းသူ ၄ဦးမှ “လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” အကြောင်း ဟောပြောဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

အခမ်းအနားအဆုံးတွင် ကျောင်းအုပ်ဆရာကြီးဒေါက်တာကျော်ခိုင်ခိုင်အောင်မှ နိဂုံးချုပ်အမှာစကားနှင့် တက်ရောက်လာသောတာဝန်ရှိသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အဖွဲ့ဝင်ဦးဝင်းတင်နှင့် တာဝန်ရှိသူများ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

Happy
Happy
0 %
Sad
Sad
0 %
Excited
Excited
0 %
Sleppy
Sleppy
0 %
Angry
Angry
0 %
Surprise
Surprise
0 %

Average Rating

5 Star
0%
4 Star
0%
3 Star
0%
2 Star
0%
1 Star
0%

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်